Loading
App ရယူရန် ပြန်‌ပေး/လဲလှယ်ရန် ငွေပေးချေမှုစနစ် ပို့ဆောင်မှုအချက်အလက်
  • en Myanmar
    • fr English
အော်ဒါစစ်ဆေးရန်
ဝယ်ယူရန်ဆန္ဒရှိသောပစ္စည်းများ
ဝင်‌ရောက်/စာရင်းသွင်းရန်
0
  • သင့်ခြင်းသည် ဗလာဖြစ်နေသည်။
  • စျေးဝယ်ရန်
  • ဈေးရုံကြီး
    • LP Gas
      • LPG ဓာတ်ငွေ့ရည်ဖြည့်ခြင်း
        • 1 kg
        • 2 kg
        • 3 kg
        • 4 kg
        • 5 kg
        • 6 kg
        • 7 kg
        • 8 kg
        • 9 kg
        • 10 kg
        • 14 kg
        • 16 kg
        • 13 kg
        • 11 kg
        • 48 kg
        • 20 kg
        • 15 kg
        • 12 kg
    • Shopping
      • ဂက်(စ်)အိုး
        • 4 kg ဂက်(စ်)အိုး
        • 5 kg ဂက်(စ်)အိုး
        • 6 kg ဂက်(စ်)အိုး
        • 7 kg ဂက်(စ်)အိုး
        • 10 kg ဂက်(စ်)အိုး
        • 12 kg ဂက်(စ်)အိုး
        • 15 kg ဂက်(စ်)အိုး
        • 16 kg ဂက်(စ်)အိုး
        • 20 kg ဂက်(စ်)အိုး
        • 2 kg ဂက်(စ်)အိုး
        • 9 kg ဂက်(စ်)အိုး
        • 8 kg ဂက်(စ်)အိုး
        • ဂက်(စ်)ဘူးအသေး
      • ဂက်(စ်)မီးဖို
        • တစ်ဖိုတွဲ ဂက်(စ်)မီးဖို
        • နှစ်ဖိုတွဲ ဂက်(စ်)မီးဖို
        • Portable ဂက်(စ်)မီးဖို
        • အခြား ဂက်(စ်)မီးဖိုများ
      • အိမ်သုံးပစ္စည်းများ
        • ရေချိုးခန်းသုံးပစ္စည်းများ
        • TV
        • Air Con
        • ရေခဲသေတ္တာ
        • Freezer
        • အဝတ်လျှော်စက်
      • မီးဖိုချောင်သုံးပစ္စည်းများ
        • Cleaning & Waste
        • Kitchen Appliances
      • ဂက်(စ်)နှင့်ဆက်စပ်ပစ္စည်းများ
        • ဂက်(စ်)ပိုက်
        • ဂက်(စ်)ထိန်းညှိကိရိယာ
        • ဂက်(စ်)နှင့်ဆက်စပ်ပစ္စည်းများ
      • Cylinder Set
        • 4 kg ဂက်(စ်)အိုး အတွဲ
        • 5 kg ဂက်(စ်)အိုး အတွဲ
        • 7 kg ဂက်(စ်)အိုး အတွဲ
        • 12 kg ဂက်(စ်)အိုး အတွဲ
    • Services
  • ဆိုင်များ
    • LPG
      • Pyae Phyo Aung - Bahan
      • Kant Kaw Myaing - 1
      • Kant Kaw Myaing - 2
      • Kant Kaw Myaing - 3
      • Kant Kaw Myaing - 4
      • Lucky Gas - East Dagon
      • Shwe Tu "ST" Thai Gas
      • Mandalay Stars Co.,Ltd
      • Pyae Phyo Aung - Yankin
      • Pyae Phyo Aung - North Okkalapa 
      • Kant Kaw Myaing - Pyapon
      • Pyae Phyo Aung - Pazundaung
      • Pyae Phyo Aung - Latha
      • Pyae Phyo Aung - Hlaing 
      • Pyae Phyo Aung - Shwepyithar
      • Lu Lay - Kyimyindaing
      • Thiha Gas - Thingangyun
      • Thiha Gas - Hlaing
      • TT Gas
      • Thein
      • A1 Gas
      • Lucky Gas - Dagon Seikkan
      • Hein Thit - 2
      • Tun Kyaw - 1
      • Smile Gas
      • Green Power
      • GP Gas
      • Hinthar Aung
      • Aung Tagon
      • Full Power
      • National 73
      • LO TA YA EMPIRE - Dawbon
      • Hein Thit - 1
      • Hein Zaw Oo
      • LO TA YA EMPIRE - South Okkalapa
      • Shwe Wunna -Thingangyun
      • Shwe Wunna - Kyautada  
      • Ingyinn Myaing 3
      • Easy Gas
      • Lu Lay - Kyauktada
      • Natural Gas
      • Lu Lay - Mayangon
      • Lu Lay - North Dagon
      • Oasis Gas Shop - Bago
      • Oasis Gas Shop -Thingangyun
      • Oasis Gas Shop - South Okkalapa
      • Shwe Nyar Thar
      • Htake Tan Pyae Sone
      • U Kyaw Myint
      • Golden Goal
      • Shwe Taw Win
      • Lucky 7 Gas
      • Tun Kyaw - 2
      • Taw Win
      • Maymyo Gas
      • Yaung Ni Gas - 2
      • Yaung Ni Gas - 1
      • Yaung Ni Gas - 3
      • Morning Gas
      • AMT - Pazundaung
      • AMT - Pabedan
      • Dawei Thar Lay Gas
      • Myint Myat Thu
      • 4C
      • Shwe Hla Min
      • Aung Hsu Htet
      • Kyaw Aung Zin
    • Kitchen Ware
      • TEKA Myanmar
    • Home Appliances
      • SKYWORTH
      • Linea Myanmar
    • Furniture
  • ကုန်အမှတ်တံဆိပ်များ
    • LPG
      • LPG
      • EFF
      • NaMilux
      • Lucky Flame
      • Rinnai
      • Champion
      • S‌aga
      • Koreana
      • Super Model
      • Myanmar Hein Thit Star
      • BAOLILAI
      • WELDRO
      • Jingze
      • KG
      • Master Torch
      • New Methic
      • Ronysnda
      • Ronysndar
      • YAMATO
      • ထွန်း​ကျော်
      • FIRST ENERGY
      • MYAT TAGON
      • YUNHETU
      • -
      • T Gas
      • Sakura
      • Mario
      • Champpro
      • National
      • SPARK-L
      • Maxsun
      • ဂျပန် အိုး
      • TIP
      • Titans
      • DYNA HOME
      • China
      • Alpha
      • ထိုင်းအိုး
      • SUPERGAS
      • KOVEA
      • AM Boss
      • Power
      • Max
      • Blue Flame
      • IKURA
      • Teka
      • Prato
      • Sunfire
      • Electrolux
      • Star
      • LOTUS
      • -
      • Lucky
      • Green Luck
      • IKie
      • InterNational
      • ECO
      • Hero
    • Kitchen Ware
      • Teka
      • Prato
      • Linea
    • Home Appliances
      • SKYWORTH
      • Linea
    • Furniture
  • အထူးလျှော့စျေး
    • အထူးလျှော့စျေးများ
  မြို့နယ်
You haven’t Logged in yet! Log In here.
(Or) New user? register here.
Once logged in, add your location to choose a nearby store.
  1. Home
  2. စည်းကမ်းနှင့်သတ်မှတ်ချက်များ

စည်းကမ်းနှင့်သတ်မှတ်ချက်များ

This Agreement was last modified on August, 2023.

Padesar Marketplace Platform ကိုအသုံးပြုခြင်းအတွက်ကျေးဇူးတင်ရှိပါသည်။ ကျေးဇူးပြု၍ အောက်ပါအသုံးပြုရန် စည်းမျဉ်းစည်းကမ်းများကို ဂရုတစိုက်ဖတ်ပေးပါရန် လေးစားစွာဖြင့် မှာကြားလိုက်ပါသည်။ Padesar ၏ Marketplace Platform (or) Application အသုံးပြုရာတွင် အောက်ဖော်ပြပါ “အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ” ကိုအထူးလိုက်နာပေးရပါမည်။ သတ်မှတ်ထားသည့် “အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ” တို့ကို Padesar Marketplace Platform မှအချိန်မရွေး ကြိုတင်သတိပေးခြင်းမရှိစေဘဲ လိုအပ်သလိုပြောင်းလဲ ပြင်ဆင်မွမ်းမံ ဖြည့်စွက်ခြင်းများရှိနိုင်မည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ပြင်ဆင်ပြောင်းလဲလိုက်သည့် “အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ”ကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ပုံမှန်စောင့်ကြည့်ရန် လိုအပ်ပါသည်။ ပြင်ဆင်ပြောင်းလဲထားသည့် “အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ” ကိုဖော်ပြခဲ့သည့် နေ့ရက်နောက်ပိုင်းတွင် လူကြီးမင်းတို့အနေဖြင့် Padesar Marketplace Platform ကိုဆက်လက်၍ အသုံးပြုမည်ဆိုလျှင် ပြင်ဆင်ပြောင်းလဲလိုက်သည့် စည်းမျဉ်းစည်းကမ်းများ ကို လူကြီးမင်းတို့ လက်ခံ သဘောတူသည်ဟုယူဆသွားပါမည်။အကယ်၍လူကြီးမင်းတို့အနေဖြင့်“အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ” ကို သဘောတူညီမှုမရှိပါက Padesar Marketplace Platform ကို ဖြစ်စေ၊ “ဝန်ဆောင်မှု” ကိုဖြစ်စေ “ဝယ်ယူမှု”ကိုဖြစ်စေ ကျေးဇူးပြု၍အသုံးပြုခြင်း သို့မဟုတ် ဆက်လက်၍ အသုံးပြုခြင်းကို မပြုလုပ်ရန်တိုက်တွန်းပါသည်။ Padesar Marketplace Platform ကို (၁) အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် (၂) တရားဝင် တည်ထောင်ထားသည့် အဖွဲ့အစည်းများ ဥပမာ-ကုမ္ပဏီများက အသုံးပြုနိုင်ပါသည်။ အသက် ၁၈ နှစ် မပြည့်သေးသူများအနေဖြင့် Padesar Marketplace Platform ကို အသုံးပြုခြင်း (သို့မဟုတ်) ပစ္စည်းများဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ လူကြီးမင်းတို့၏ လုပ်ဆောင်ချက်များအပေါ် အခကြေးငွေများကို တာဝန်ခံပေးမည့် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ) ၏ သဘောတူညီချက် ရယူရပါမည်။ လူကြီးမင်းတို့၏ မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ) ၏ သဘောတူ ခွင့်ပြုချက် မရရှိပါက ဤ Marketplace Platform အား အသုံးပြုနေမှုကို ချက်ချင်းရပ်ဆိုင်းပါ။

၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ

ဤ“အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ”တွင် အောက်ဖော်ပြပါစကားလုံးများ၏ ဖော်ဆောင်ထားသော အဓိပ္ပာယ်များကို ရည်ညွှန်းခြင်းဖြစ်သည်။

၁-၁၊
Padesar Marketplace Platformဆိုသည်မှာ “အသုံးပြုသူ”နှင့်“ရောင်းချသူ” အသီးသီးတို့က Padesar Marketplace Platform တွင်ရောင်းချခြင်း၊ ဝယ်ယူခြင်းများနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများ ပြုလုပ်နိုင်သည့် မိုဘိုင်းလုပ်ငန်းသုံး ပရိုဂရမ်ကိုဆိုလိုသည်။
၁-၂၊
“Padesar” ဆိုသည်မှာ Padesar Limited (company name) ကိုဆိုလိုသည်။
၁-၃၊
“ပုဂ္ဂိုလ်ရေးအချက်အလက်” ဆိုသည်မှာ လူကြီးမင်းအား မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရန် အသုံးပြုနိုင်သည့်သတင်းအချက်အလက်တစ်ခုဖြစ်သည်။ယင်းတွင် ယခုဖော်ပြထားသည်တို့ကိုသာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ လူကြီးမင်း၏အမည်၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ နိုင်ငံသားစီစစ်ရေး ကဒ်ပြားအမှတ် (သို့) ပတ်စပို့နံပါတ်၊ နေရပ်လိပ်စာ၊ ဇီဝဆိုင်ရာ အချက်အလက်များ၊ မွေးနေ့ရက်စွဲ တို့ပါဝင်သည်။
၁-၄၊
ဝန်ဆောင်မှု” ဆိုသည်မှာ “Padesar Marketplace Platform” မှတစ်ဆင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ၊ရေနံဓာတ်ငွေ့ရည်(LP Gas)နှင့်ပတ်သတ်သည့် ဝန်ဆောင်မှုပေးသည့် ဆိုင်များနှင့် “အသုံးပြုသူ”တို့အကြား ချိတ်ဆက်မှုကို ပြုလုပ်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကိုဆိုလိုသည်။
၁-၅၊
“အမှာစာ” (Order) ဆိုသည်မှာ “အသုံးပြုသူ” သည်“Padesar Marketplace Platform” မှတစ်ဆင့် ရောင်းချသည့် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုတို့ကိုမှာယူလိုက်သည့် အမှာစာများကို ဆိုလိုသည်။
၁-၆၊
“ဝယ်ယူမှု” ဆိုသည်မှာ “Padesar Marketplace Platform” မှတစ်ဆင့် “ရောင်းချသူ” တို့၏ ဆိုင်(သို့မဟုတ်)ကုမ္ပဏီများထံမှ “အသုံးပြုသူ”က မှာယူလိုက်သော“အမှာစာ”(Order)ကို ပြီးမြောက်အောင် ဆောင်ရွက်သည့် ဝယ်ယူမှုကိုဆိုလိုသည်။
၁-၇၊
“အသုံးပြုသူ” ဆိုသည်မှာ “Padesar Marketplace Platform” တွင်ရောင်းချသည့် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုတို့ကို ရယူအသုံးပြုသူကို ဆိုလိုသည်။
၁-၈၊
“ရောင်းချသူ” ဆိုသည်မှာ “Padesar Marketplace Platform” တွင်ရောင်းချသည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများရောင်းချပေးသည့်ဆိုင်များ (သို့မဟုတ်) ကုမ္ပဏီများတို့ကိုဆိုလိုသည်။

၂။ Padesar အကောင့်ဖန်တီးပြုလုပ်ခြင်း

၂-၁၊
“Padesar Marketplace Platform” အသုံးပြုရန်အတွက် Padesar အကောင့်တစ်ခု ပြုလုပ်ရန် လိုအပ်ပါသည်။အသုံးပြုသူလူကြီးမင်းသည်“အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများနှင့် တည်ဆဲဥပဒေများကို သိရှိရန်လိုအပ်ပြီး၊ အနည်းဆုံး အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။ လူကြီးမင်းသည် “Padesar Marketplace Platform” ကိုအသက် (၁၈) နှစ်အောက်ဖြစ်ပါက “အသုံးပြုရန်စည်းမျဉ်းစည်းကမ်းများ”အရ ချုပ်ဆိုခြင်းမပြုနိုင်ပါ။ လူကြီးမင်းများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးသည်မှန်ကန်တိကျမှုရှိရမည်။
၂-၂၊
လူကြီးမင်းသည် Padesarမှပေးသည့် ရောင်းချသည့်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုအား လျှို့ဝှက်ထားရှိမှုရရှိစေရန် Padesarအကောင့်၏ လျှို့ဝှက်နံပါတ်ကို မည်သူတစ်ဦး တစ်ယောက် ကိုမှမသိရှိစေဘဲ လုံခြုံစွာသိမ်းဆည်းထားရမည်။လူကြီးမင်း၏ Padesarအကောင့် ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုလျှင်ဖြစ်စေ၊အခြားသော လုံခြုံရေးချိုးဖောက်မှု ကိစ္စရပ်များ တွေ့ကြုံလျှင်ဖြစ်စေ Padesar၏ Email(သို့မဟုတ်) ဆက်သွယ်ရန်(Contact Us) တွင် ချက်ချင်း အကြောင်းကြားပေးရန်လိုအပ်ပါသည်။
၂-၃၊
လူကြီးမင်း၏အချက်အလက်များကို ဖြည့်သွင်းရာတွင် ပြည့်စုံပြီးမှန်ကန်မှု ရှိရန်လိုအပ်ပါသည်။ အကယ်၍ ပြည့်စုံမှုမရှိခဲ့လျှင် လူကြီးမင်း၏“အမှာစာ” ကိုပို့ဆောင်ရာတွင် ပြဿနာ ရှိလာခဲ့ပါက ယင်း“အမှာစာ” အတွက် Padesar က တာဝန်ယူမည်မဟုတ်ပါ။ လူကြီးမင်းတို့၏ “အမှာစာ” ကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက်“အမှာစာ” ပေးပို့ရမည့်လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို တိကျမှန်ကန်စွာဖြည့်သွင်းရန်တာဝန်ရှိပါသည်။
၂-၄၊
လူကြီးမင်း၏ Padesar အကောင့်ကို ဖျက်သိမ်းလိုပါက Padesar ၏ Email (သို့မဟုတ်) ဆက်သွယ်ရန် (Contact Us) ကို ပေးပို့ဆက်သွယ်နိုင်ပါသည်။ Padesar အနေဖြင့် အီးမေးလ်တွင်ပါရှိသည့် ယုံကြည်ရလောက်သော အကြောင်းရင်းတွေ့လျှင် လူကြီးမင်း၏ Padesarအကောင့်ကို ကန့်သတ်၊ဆိုင်းငံ့ သို့မဟုတ် ရုပ်သိမ်းပေးမည်ဖြစ်ပါသည်။
၂-၅၊
လူကြီးမင်း၏ Padesarအကောင့်ဖန်တီးရာတွင် ထည့်သွင်းထားသော အကောင့်၏ လျှို့ဝှက်နံပါတ်ကို မေ့ပျောက်ခဲ့လျှင် Padesar ၏ Email (သို့မဟုတ်) ဆက်သွယ်ရန်(Contact Us)ကိုဆက်သွယ်၍ လျှို့ဝှက်နံပါတ်အသစ် ပြန်လည်တောင်းခံပြီးမှ ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။လျှို့ဝှက်နံပါတ်အသစ် ပြန်လည်ရယူရာတွင် တစ်နေ့ထဲတွင်အများဆုံး၃ကြိမ် အထိသာပြုလုပ်နိုင်မည်ဖြစ်ပါသည်။
၂-၆၊
Padesar Website တွင် စာရင်းသွင်းခြင်း ပြုလုပ်ပြီးနောက် Padesar Website မှ ပေးပို့မည့်ကြော်ငြာများကို လက်ခံရန် သဘောတူခွင့်ပြုသည်ဟု မှတ်ယူပါမည်။

၃။ ဈေးနှုန်းများနှင့် ငွေပေးချေမှုများ

၃-၁၊
“Padesar Marketplae Platform”တွင် ဖော်ပြထားသည့် ကုန်ပစ္စည်းဈေးနှုန်းများတွင် အခွန်အခ များမပါဝင်ပါ။ “Padesar Marketplace Platform ”တွင် ဖော်ပြထားသည့်ကုန်ပစ္စည်း ဈေးနှုန်းများသည် ယင်းအရောင်းဆိုင်၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပ်များ၊ သို့မ ဟုတ် ၎င်းတို့၏ ပြင်ပဆိုင်များတွင် ရောင်းချနေသည့်ဈေးနှုန်းများနှင့် ကွဲလွဲမှုရှိနိုင်ကြောင်း လူကြီးမင်း မှ သိရှိရန်လိုအပ်ပါသည်။
၃-၂၊
“ Padesar ” ၏ ကုန်ပစ္စည်းဈေးနှုန်းများသည် ရောင်းချမည့်ဆိုင်အလိုက် ကွဲပြားနိုင်ပြီး၊ ယင်းဖော်ပြပါ ကုန်ပစ္စည်းဈေးနှုန်းများတွင် Commercial Tax နှင့် အခြား အခွန်အခများ ပါဝင်နိုင်ပါသည်။ လူကြီးမင်းအနေဖြင့် "အမှာစာ"အတွက် ငွေပေးချေပြုလုပ်ရာတွင် အမှာစာပါကုန်ပစ္စည်းတန်ဖိုး နှင့် ၎င်းတို့၏အခွန်အခများအပါအဝင် စုစုပေါင်းပမာဏကို ပေးချေရမည်ဖြစ်ပါသည်။
၃-၃၊
အောက်ပါ “အမှာစာ” များအတွက် ပို့ဆောင်ခ ကင်းလွတ်ခွင့် ရရှိပါမည်_
(က) အရောင်းဆိုင်တွင်“အမှာစာ” ကို ကိုယ်တိုင်ယူစနစ် ရွေးချယ်ခြင်း ၊
(ခ) ပို့ဆောင်ခ ကင်းလွတ်ခွင့်ပါရှိသည့် သက်တမ်းရှိပရိုမိုးရှင်းကုဒ် ထည့်သွင်းအသုံးပြုခြင်း ၊
(ဂ) အခြားသော အထူးပရိုမိုရှင်းများ
၃-၄၊
လူကြီးမင်း၏အမှာစာ ရယူသည့်အချိန်နှင့် “Padesar Marketplace Platform” တွင် ဖော်ပြထားသည့် ကုန်ပစ္စည်းဈေးနှုန်းများသည် အချိန်အလိုက်ပြောင်းလဲမှုရှိနိုင်ပါသည်။
၃-၅၊
လူကြီးမင်း အနေဖြင့် “အမှာစာ” အတွက် ငွေပေးချေခြင်းကို MPU, KBZ Pay , AYA Pay,အပြင်အိမ်အရောက်ငွေချေစနစ်များကိုလည်း “Padesar Marketplace Platform” တွင် ရွေးချယ်အသုံးပြုနိုင်ပါသည်။
၃-၆၊
“အမှာစာ” ကို အောင်မြင်စွာ ပြုလုပ်ပြီးပါက လူကြီးမင်း၏ “အမှာစာ” ကိုလက်ခံရရှိကြောင်း“Padesar Marketplace Platform” မှ အတည်ပြု အီးမေးလ် တစ်စောင် (သို့) စာတိုတစောင် ရရှိပါမည်။ လူကြီးမင်း ကိုယ်တိုင်လာယူရန်ရွေးချယ်ထားပါက “အမှာစာ” တွင်ပို့ဆောင်ခ ပါရှိမည် မဟုတ်ပါ။
၃-၇၊
ကုန်ပစ္စည်းဝယ်ယူမှုများအတွက် ငွေပေးချေမှုပုံစံများအား ထပ်မံထည့်သွင်းလိုသည့် ငွေပေးချေမှု နည်းလမ်းသစ်များနှင့် မူလရှိသော ငွေပေးချေမှုပုံစံများအား ပြင်ဆင်ပြောင်းလဲခြင်း တို့ကို “Padesar Marketplace Platform” ဆောင်ရွက်ပိုင်ခွင့် အပြည့်အဝရှိပြီး ၊ လူကြီးမင်း မှ အွန်လိုင်းဖြင့် ပေးချေမှု နည်းလမ်းကို ရွေးချယ်အသုံးပြုပါက “Padesar Marketplace Platform”၏ မိတ်ဖက်တတိယအဖွဲ့အစည်း(များ) မှတစ်ဆင့် လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
၃-၈၊
“အမှာစာ”အတွက် Banking ဖြင့် ငွေပေးချေမှုဆောင်ရွက်ရာတွင် လူကြီးမင်းအသုံးပြုမည့် ငွေပေးချေမှု နည်းလမ်းပေါ်မူတည်၍ လုံလောက်သောငွေပမာဏရှိရန်နှင့် အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းပေးရန် လိုအပ်ပြီး ငွေပေးချေမှုများအတွက် ငွေပြန်အမ်းခြင်း ၊ ထပ်ဆင့်ကောက်ခံခြင်း ၊ ပယ်ဖျက်ခြင်း နှင့် အငြင်းပွားမှု များဖြေရှင်းရာတွင် “Padesar Marketplace Platform”မှ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၄။ အမှာစာပြုလုပ်မှု

“Padesar Marketplace Platform” တွင် “ဝန်ဆောင်မှု” သိုမဟုတ် “ဝယ်ယူမှု”ကို “အမှာစာ” ပြုလုပ်သည့်အခါ Padesar မှ “အမှာစာ” ကို အတည်ပြုသည့် အီးမေးလ်တစ်စောင် (သို့မဟုတ်) မက်ဆေ့တစ်စောင် လူကြီးမင်းစီထံပေးပို့ခြင်းဖြင့် မှာယူမှုကို အတည်ပြုပါမည်။ “အမှာစာ”များတွင် အခြေအနေပေါ် မူတည်၍ ပို့ဆောင်ခ၊ ဝန်ဆောင်မှုခ နှင့် အခြားအခွန်အခ (ဥပမာ - ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ တန်ဖိုးတိုးခွန် စသည်) တို့ ပါဝင်ပါလိမ့်မည်။ အသုံးပြုသူသည် အမှာစာဖြင့် ဝယ်ယူခြင်း ၊ ဝန်ဆောင်မှုရယူခြင်း များအတွက် “Padesar Marketplace Platform”မှ အတည်ပြုပေးသည့် အကြောင်းကြားစာအား အီးမေးလ်ဖြင့်လည်းကောင်း ဖုန်းမက်ဆေ့ဖြင့် လည်းကောင်း ပေးပို့၍ အမှာစာအား အတည်ပြုပေးမည် ဖြစ်ပါသည်။ အသုံးပြုသူ၏ ဝန်ဆောင်မှု ရယူခြင်းပေါ် မူတည်၍ ပို့ဆောင်ခ နှင့် Tax များ ပါဝင်မည်ဖြစ်ပါသည်။

၄-၁၊
အထူးညွှန်ကြားမှုများ - Padesar နှင့် LP Gas ရောင်းချသည့်ဆိုင်များအနေဖြင့် လူကြီးမင်း၏ “အမှာစာ”အတွက် အထူးညွှန်ကြားမှုကို လိုက်နာနိုင်အောင် တတ်နိုင်သမျှ ကြိုးစားသွားပါမည်။ Padesar နှင့် LP Gas ရောင်းချသည့်ဆိုင်များအနေဖြင့် ပုံမှန်လုပ်ထုံးလုပ်နည်းနှင့်အညီသာ “အမှာစာ” ကို ပြင်ဆင်ပေးရန် အခွင့်အရေး ရှိပါသည်။ လူကြီးမင်း၏ အထူးညွှန်ကြားမှုနှင့် မကိုက်ညီသည့် “အမှာစာ” တစ်ခုအတွက် အစားထိုးပေးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းကို Padesar နှင့် ရောင်းချသည့်ဆိုင်တို့တွင် တာဝန်မရှိပါ။
၄-၂၊
လူကြီးမင်း အမှာစာဖြင့် ဝယ်ယူခြင်း ၊ ဝန်ဆောင်မှုရယူခြင်းသည် “Padesar Marketplace Platform”၏ စည်းမျဉ်းစည်းကမ်းများအပြင် ရောင်းချမည့်ဆိုင်၏ သတ်မှတ်ချက်များကိုလည်း လိုက်နာရန် လိုအပ်ပါသည်။ အမှာစာတွင် ဖော်ပြထားသော ကုန်ပစ္စည်းအရေအတွက်အတိုင်း မရရှိခဲ့ပါက ရောင်းချသည့်ဆိုင်၏ အမှာစာ လက်ခံမှုနှင့်သာ သက်ဆိုင်ပြီး “Padesar Marketplace Platform” တွင် တာဝန်ရှိမည် မဟုတ်ပါ။
၄-၃၊
“အမှာစာ” မပြုလုပ်မီတွင် လူကြီးမင်း၏ ရွေးချယ်ထားသော မြို့နယ်အတွင်းရှိ “Padesar Marketplace Platform” နှင့်ချိတ်ဆက် ရောင်းချမည့် ဆိုင်များကို ပြသပေးနိုင်မည်ဖြစ်၍ “Padesar Marketplace Platform”တွင် အမှာစာ အချက်အလက်များ ဖြည့်သွင်းရာ၌ ‌ ပစ္စည်းလက်ခံရယူမည့် လိပ်စာကို သေချာစွာထည့်သွင်းပေးရန် လိုအပ်ပါသည်။
၄-၄၊
လူကြီးမင်း၏ “အမှာစာ”အတွက် ငွေပေးချေမှု လမ်းညွှန်အတိုင်း လုပ်ဆောင်ပေးရန်လိုအပ်ပြီး Banking ဖြင့် ငွေပေးချေမှု ဆောင်ရွက်ရာတွင် လူကြီးမင်း အသုံးပြုမည့်အမျိုးအစားပေါ်မူတည်ပြီး အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။ လူကြီးမင်းအနေဖြင့် "အမှာစာတင်မည်"ကို မရွေးချယ်မှီ အမှာစာအတွက် ကျသင့်မည့်ငွေပမာဏ၊ ပစ္စည်းလက်ခံမည့်လိပ်စာ၊ ငွေပေးချေမှုတွင် ဖြည့်သွင်းရမည့် အချက်အလက်များနှင့် ပရိုမိုးရှင်းကုဒ်များ (ရရှိထားပါက) စသည့် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပြီး "အမှာစာတင်မည်"ကို ရွေးချယ်အတည်ပြုပေးရမည် ဖြစ်ပါသည်။အမှာစာကို အတည်ပြု ရွေးချယ်ပြီးပါက “Padesar Marketplace Platform” မှ လူကြီးမင်း “အမှာစာ”ကို လက်ခံရရှိကြောင်း အတည်ပြု အီးမေးလ် တစ်စောင် (သို့မဟုတ်) စာတို (SMS)ပေးပို့၍ လူကြီးမင်းထံသို့ အကြောင်းကြားပြီးမှသာ မှာယူမှုပြီးစီး အောင်မြင် မည်ဖြစ်သည်။
၄-၅၊
လူကြီးမင်းမှာယူထားသော အမှာစာကို ပြင်ဆင်ပြောင်းလဲလိုသည့်အခါ ရွေးချယ်ခဲ့သည့်ဆိုင်သို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။အကယ်၍ အမှာစာတွင် ပြင်ဆင်ပြောင်းလဲ လိုသည့် အချက်အလက်များကို အချိန်မှီ အကြောင်းကြားနိုင်ခြင်းမရှိခဲ့ပါက လူကြီးမင်း ၏ တာဝန်သာ ဖြစ်ပြီး အမှာစာကို ပယ်ဖျက်ခွင့်မရှိပါ။
၄-၆၊
ငွေပြန်အမ်းခြင်း
(၁) အွန်လိုင်းမှ မှာယူမှုအတွက် ငွေပြန်အမ်းခြင်း
အွန်လိုင်းမှ မှာယူမှုအတွက် လူကြီးမင်း၏အမှာစာကို ရောင်းချမည့်ဆိုင်မှ လက်ခံရရှိပြီးနောက် ငွေပေးချေမှုများ ဆောင်ရွက်ပြီးစီးပါက ပေးသွင်းရမည့်ငွေပမာဏ မှားယွင်းခြင်း (သို့မဟုတ်) အမှာစာပစ္စည်း ရွေးချယ်မှုမှားယွင်းခြင်းအတွက် ငွေပြန်လည်ထုတ်ယူလိုခြင်းများ အတွက် လူကြီးမင်း ဝယ်ယူခဲ့သည့် အရောင်းဆိုင်နှင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၂) အိမ်အရောက် ငွေချေမှုစနစ်ဖြင့် မှာယူမှုများ
လူကြီးမင်းများ၏ “အမှာစာ”တွင် အိမ်ရောက်ငွေချေမှုစနစ်ဖြင့် မှာယူထားသော ပစ္စည်းများကို “Padesar Marketplace Platform”မှ အမှာစာကို လက်ခံရရှိပြီးနောက် ပစ္စည်းပို့ဆောင်မှု ဆောင်ရွက်စဉ် ပစ္စည်းလက်ခံရယူခြင်းမရှိဘဲ အကြောင်းတစ်စုံတစ်ရာပြ၍ ပျက်ကွက်ခဲ့ပါက ဤအမှာစာနှင့်အတူ နောင်တွင်မှာယူမှုများကိုလည်း အိမ်အရောက် ငွေချေမှုစနစ်ဖြင့် ထပ်မံမှာယူ၍ ပြုလုပ်နိုင်ခွင့်ရှိမည်မဟုတ်ပါ။
၄-၇၊
“Padesar Marketplace Platform” အနေဖြင့် လူကြီးမင်း၏ “အမှာစာ”တွင် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်ထားရှိကြောင်း ဆက်စပ်တွေ့ရှိသည်ဟု ယူဆရပါက လူကြီးမင်း၏ “အမှာစာ” ကို ပယ်ဖျက်ခြင်း (သို့မဟုတ်) ဆိုင်းငံ့ခြင်းသော်လည်းကောင်း လူကြီးမင်း၏ Padesarအကောင့်ကို ယာယီဆိုင်းငံ့ခြင်း (သို့မဟုတ်) ပိတ်သိမ်းခြင်းများ ကိုလည်းကောင်း ဆောင်ရွက်ခြင်းခံရပါမည်။

၅။ အမှာစာပစ္စည်းများကိုပို့ဆောင်ခြင်း

“Padesar Marketplace Platform”တွင်မှာယူသည့် အမှာစာများအတွက် ပစ္စည်းလက်ခံမည့် ဧရိယာ/နေရာအလိုက် အရောင်းဆိုင်များမှ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ပို့ဆောင်ခနှုန်းထားများ ကိုလည်း မြို့နယ်အကွာအဝေးပေါ် မူတည်၍ ကွဲပြားနိုင်ကြောင်း လူကြီးမင်းအနေဖြင့် သိရှိထားရပါမည်။ မမျှော်မှန်နိုင်သော သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သော အကြောင်းအရာများနှင့် ရာသီဥတု အခြေအနေအရပ်ရပ်တို့ကြောင့် ပို့ဆောင်ရန်အခက်အခဲများ ဖြစ်ပေါ်လာပါက အချိန်ကြံကြာ နိုင်ကြောင်းကို သိရှိထားရပါမည်။

၅-၁၊
လူကြီးမင်း၏ အမှာစာတွင် ဖြည့်သွင်းထားသော ပစ္စည်းလက်ခံမည့်လိပ်စာသို့ ကုန်ပစ္စည်း ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ယင်းအမှာစာတွင် ပို့ဆောင်ရန်ကြာချိန်ကို ရွေးချယ်ထားနိုင်သော်လည်း လူကြီးမင်းထံပေးပို့သည့် အတည်ပြုအီးမေးလ်(သို့မဟုတ်) စာတိုတွင် ခန့်မှန်းပို့ဆောင်ပေးမည့်အချိန်ကို ဖော်ပြပါရှိမည်ဖြစ်ပါသည်။ သို့ရာတွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ထိန်းချုပ်နိုင်ခြင်း မရှိသည့် အခြေအနေ များတွင် ပို့ဆောင်မည့် လမ်းကြောင်းအလိုက် ပို့ဆောင်ရန်ကြာချိန်ကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ထိုအခြေအနေတွင် အတည်ပြုစာတွင်ပါရှိသော အချိန်ထက် စောလျင်၍ လည်းကောင်း သို့မဟုတ် နောက်ကျ၍လည်းကောင်း ရောက်ရှိနိုင်မည်ကို သတိပြုပေး ရပါမည်။ပို့ဆောင်မှုအား လက်ခံနိုင်ရန် အတွက် လွဲချော်မှုမဖြစ်စေရန် ပစ္စည်းလက်ခံမည့် နေရာတွင် သင်(ကိုယ်တိုင်) သို့မဟုတ် သင့်ကိုယ်စား လက်ခံပိုင်ခွင့်ရှိသူ တို့က ကုန်ပစ္စည်း လက်ခံရန် လိုအပ်ပါသည်။ယင်းအမှာစာကို ပို့ဆောင်ပေးရာတွင် လူကြီးမင်းတို့အိမ်ရှေ့ မျက်နှာစာ ဝင်ပေါက်အထိသာ ပို့ဆောင်ပေးမည်ဖြစ်၍ လူကြီးတို့ဘက်မှတောင်းဆိုချက်အတိုင်း ဆောင်ရွက်ခြင်း/မဆောင်ရွက်နိုင်ခြင်း စသည့် သဘောထား များသည်အရောင်းဆိုင်များမှ ပို့ဆောင်သူနှင့်သာ သက်ဆိုင်ပြီး Padesar နှင့် သက်ဆိုင်ခြင်းမရှိပါ။ အမှာစာပို့ဆောင်ရာတွင် အထပ်မြင့်တိုက်ခန်းများသို့ ပို့ဆောင်ရမည်ဆိုပါက အလွှာလိုက် ပစ္စည်းတင်ခ ထပ်မံ၍ ကျသင့်မည်ဖြစ်ကြောင် ကြိုတင်အသိပေးအပ်ပါသည်။
၅-၂၊
အောက်ပါအကြောင်းအရင်းများကြောင့် အမှာစာကုန်ပစ္စည်းပို့ဆောင်ရန် မရှိခဲ့လျှင် Padesar ၏ တာဝန်မရှိစေရ _
(၁) ကုန်ပစ္စည်းလက်ခံပေးမည့်သူ မရှိခြင်း ၊
(၂) အမှာစာတွင် ဖြည့်သွင်းထားသည့် ဆက်သွယ်ရန် ဖုန်းနံပါတ်သို့ ဆက်သွယ်၍မရခြင်း ၊
(၃) Padesarက ပို့ဆောင်ရန်ကြိုးပမ်းရာတွင် လူကြီးမင်းဘက်မှပျက်ကွက်ခြင်းများဖြစ်ပေါ်ခြင်း ၊

၆။ အသုံးပြုသူသိရှိထားရမည့်အချက်များ

အသုံးပြုသူများမှ “Padesar Marketplace Platform” ကို အသုံးပြုနေစဉ်အတွင်း တစ်စုံတစ်ရာ အဆင်မပြေမှု ဖြစ်ပေါ်လာပါက Padesar ၏ Email (သို့မဟုတ်) ဆက်သွယ်ရန် (Contact Us) မှတစ်ဆင့်ဖြစ်စေ၊ Facebook Messenger ၊ Viber နှင့် Telegram တို့မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

“Padesar Marketplace Platform” အား ပြုပြင်နေစဉ်အချိန်တွင် ၀င်ရောက်အသုံးပြုပါက ဆောက်ရွက်ချက်များ လုပ်ဆောင်၍မရခြင်း၊ ယာယီရပ်တန့်ခြင်း (သို့မဟုတ်) ကြန့်ကြာခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခြေအနေများ ဖြစ်ပေါ်မည်ဆိုပါက Padesarမှ ကြိုတင် အသိ ပေး အကြောင်းကြား သွားမည်ဖြစ်ပါသည်။ သို့သော် အသုံးပြုသူ၏ စက်ပစ္စည်းကိရိယာများ ချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာသည်များကို Padesar မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

၇။ မူပိုင်ခွင့်

“Padesar Marketplace Platform” တွင်ဖော်ပြပါဝင်သော ကုန်အမှတ်တံဆိပ်များ၊ ရုပ်ပုံများနှင့် ဝန်ဆောင်မှု သင်္ကေတများသည် မှတ်ပုံတင်ထားသည် ဖြစ်စေ၊ မတင်ထားသည် ဖြစ်စေ တစ်စုတစ်စည်းတည်းဖြင့် အမှတ်တံဆိပ်များ") အားလုံးတို့သည် Padesar၏မူပိုင်ခွင့်ဖြစ်သည်။ Padesa မှမူပိုင်ခွင့်ဥပဒေများဖြင့်လည်းကောင်းတည်ဆဲဥပဒေများဖြင့်လည်းကောင်းသဘောတူညီချက်စာချုပ်များဖြင့် လည်းကောင်း ပြုလုပ်ဆောင်ရွက်လျက် ကာကွယ်ထိန်းချုပ်ထားသည်။ ဤလုပ်ငန်းဆောင်ရာ အချက်လက်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်များ၊ ပုံနှိပ်ရေးဆွဲထားသော ရုပ်ဝတ္တု အချက်အလက်များ၊ အသံဆိုင်ရာ (သို့မဟုတ်) ရုပ်ပုံဆိုင်ရာ အချက်အလက်များစသည်တို့ကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုလုံးအား ကူးယူခြင်း၊ မူပွားခြင်း၊ ထပ်ဆင့်ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ထုတ်ဝေခြင်းနှင့် ရုပ်သံထုတ်လွှင့်ခြင်း အစရှိသည့် လုပ်ဆောင်ချက်တို့ကို Padesar ၏ တရားဝင်ခွင့်ပြုချက်မပါရှိလျှင် လုပ်ဆောင်ခွင့်မရှိပါ။ “Padesar Marketplace Platform”တွင် ဆောင်ရွက်ထားရှိသည့် ကိုယ်ပိုင်အမှတ်တံဆိပ်များ၊ ပုံနှိပ်ရေးဆွဲထားသော ရုပ်ဝတ္တုများ၊ အသံပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပုံဆိုင်ရာများကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) တစ်ခုလုံးအား ကူးယူခြင်း၊ ဆင့်ပွားခြင်း၊ ဖြန့်ဝေခြင်း၊ ထပ်ဆင့်ရောင်းချခြင်း နှင့် ရုပ်သံထုတ်လွှင့်ခြင်း စသည်တို့ကို Padesar ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခွင့်မရှိပါ။

၈။ စျေးရောင်းပွဲတော်

စျေးရောင်းပွဲတော်တွင် အထူးစျေး၀ယ်ခွင့်ကူပွန်နှင့် အထူးလျှော့စျေး ပရိုမိုကုဒ်များ ပေးအပ်ခြင်း အစီအစဥ်များကို Padesar တွင် တိုက်ရိုက်လွယ်ကူစွာဖြင့် ပြန်လည်အသုံးပြု ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ထို ကူပွန်များနှင့် ပရိုမိုကုဒ်များသည် အရေအတွက်အကန့်အသတ်မှု ရှိနိုင်ပြီး သုံးစွဲမှု့သက်တမ်းကာလ သတ်မှတ်ထားရှိမည် ဖြစ်ပါသည်။ ထိုစျေး၀ယ်ခွင့်ကူပွန်၊ လျှော့စျေးပရိုမိုကုဒ်များနှင့် ပတ်သတ်၍ အငြင်း ပွားဖွယ်ရာ ကိစ္စများဖြစ်ပေါ်ခဲ့ပါက ကျွန်ုပ်တို့ Padesar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

၉။ ဝယ်ယူပြီး ကုန်ပစ္စည်းအား ပြန်လည်အပ်နှံပေးပို့မှု

လူကြီးမင်းသည် မှာယူထားသောကုန်ပစ္စည်းရောက်ရှိချိန်တွင် အမှာစာကုန်ပစ္စည်းအား သေချာစွာ စစ်ဆေးလက်ခံရပါမည်။ထိုသို့စစ်ဆေး လက်ခံရယူချိန်တွင် အမှာစာပါ ကုန်ပစ္စည်းနှင့် အမျိုးအစား (item)ကွဲလွဲခြင်းနှင့် ပျက်စီးချို့ယွင်းမှုများ တွေ့ရှိသော ကုန်ပစ္စည်းများကိုသာ အမျိုးအစားတူ ကုန်ပစ္စည်းဖြင့် အရောင်းဆိုင်များဘက်မှ ပို့ဆောင်သည့် အချိန်ကာလအတွင်း၌ အစားထိုး လဲလှယ် ပေးမည်ဖြစ်ပါသည်။သို့သော် လူကြီးမင်းတို့ စစ်ဆေးလက်ခံယူထားပြီးသော ကုန်ပစ္စည်းများကို ပြန်လည် လဲလှယ်အပ်နှံခြင်းအား အကျိုးအကြောင်းမသင့်လျော်ဘဲ၊ ခိုင်လုံသောအကြောင်းပြချက် မရှိခဲ့ ပါက ပြန်လည်လက်ခံ လဲလှယ်ပေးမည်မဟုတ်ပါ။ထိုသို့ဆောင်ရွက်ရန် ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း ပြန်လည်သယ်ဆောင်ခနှင့် ထပ်မံပို့ဆောင်ခများကို တွက်ချက်ကောက်ခံသွားမည် ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ရယူလိုသည့်ဝန်ဆောင်မှုများအပေါ်မူတည်၍ မှာယူထားလိုသည့် ဝန်ဆောင် မှုများကို ပြုလုပ်လိုသည့်အခါ အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်_
(က) အရောင်းဆိုင်များမှ ဂက်စ် ဖြည့်တင်းရန်ဝန်ဆောင်မှုရယူခြင်း( LP Gas)
(ခ) အပိုပစ္စည်းများဝယ်ယူခြင်း
(ဂ) အရောင်းဆိုင်များမှ ဝန်ဆောင်မှု ရယူခြင်း ( မီးဖိုသန့်ရှင်းခြင်း ၊ မီးဖိုတပ်ဆင်ပေးခြင်း)

၁၀။ သတ်မှတ်ထားသည့်တားမြစ်ချက်များ

“Padesar Marketplace Platform” တွင် အောက်ပါလုပ်ဆောင်မှုများကို ပြုလုပ်ဆောင်ရွက်ခွင့် မရှိကြောင်း တားမြစ်ထားပါသည်။ တားမြစ်ထားသည့် လုပ်ဆောင်မှုများအား ပါဝင်ပတ်သက်သည့် မည်သူ့ကိုမဆို Padesar Marketplace Platform အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စုံစမ်းစစ်ဆေး၍ သင့်လျော်သည့် ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့် ရှိသည်။ တားမြစ်ထားသော လုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်သော်လည်း ယင်းတို့မျှသာ ဆိုလိုခြင်းတော့ မဟုတ်ပါ။

၁၀-၁-၁၊
ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ၂၀၁၇နှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ ၊အမိန့်ကြော်ငြာစာများ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊
၁၀-၁-၂၊
မူပိုင်ခွင့်ဥပဒေများ၊ ပုဂ္ဂလိကလွတ်လပ်ခွင့်များ၊ အများပြည်သူဆိုင်ရာ အခွင့်အရေးများ၊ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ပိုင်ခွင့်များ သို့မဟုတ် လူတစ်ဖက်သား၏ အခြားသော အခွင့်အရေး များ ကို ချိုးဖောက်ခြင်း ၊
မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို ချိုးဖောက်၍ မိမိတို့၏ကုန်ပစ္စည်းများ နှင့် လုပ်ငန်း ပိုင်းဆိုင်ရာများကို ဆုံးရှုံးနစ်နာမှုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထိခိုက် နစ်နာအောင် ဆောင်ရွက်ခြင်း။
၁၀-၁-၃၊
ဥပဒေနှင့် မညီသော၊ ညစ်ညမ်းသော၊ တစ်စုံတစ်ဦးကို အသရေပျက်စေသော၊ ခြိမ်းခြောက်သော၊ အနှောင့်အယှက်ဖြစ်စေသော၊ စော်ကားသော၊ ထိခိုက်နစ်နာစေသော၊ မုန်းတီးစေသော သို့မဟုတ် ကသိကအောက်ဖြစ်စေသော အကြောင်းအရာများကို တင်သည်ဟု Padesar Website ၏ ကိုယ်ပိုင် သတ်မှတ်ထားချက် သို့မဟုတ် ဒေသခံ အဖွဲ့အစည်း စံနှုန်းများအရ မှတ်ယူခံရခြင်း၊
“Padesar Marketplace Platform”အား ပုံရိပ်ကျဆင်းစေသော အသုံးအနှုန်းများ အနှောင့် အယှက်များပေးခြင်း၊ ထိခိုက်ဆုံးရှုူံးနစ်နာမှုများ ပြုလုပ်ဆောင်ရွက်ခြင်း နှင့် သတင်းအမှားများ ဖြန့်ဝေခြင်း။
၁၀-၁-၄၊
အွန်လိုင်းမှ အနိုင်ကျင့်ခြင်းနှင့် ဆက်စပ်သည့် အကြောင်းအရာများတင်သည်ဟု “Padesar Marketplace Platform” ၏ ကိုယ်ပိုင် သုံးသပ်ချက်အရ မှတ်ယူခံရခြင်း၊
အသုံးပြုသူသည်မိမိတစ်ဦးတည်း အယူအဆဖြင့် “Padesar Marketplace Platform” ၏ လုပ်ငန်းပိုင်းဆိုင်ရာများကို တရားမဝင်ရေးသားပြောဆိုဖြန့်ဝေခြင်း၊
၁၀-၁-၅၊
အန္တရာယ်ရှိသော၊ အသက်အန္တရာယ် ခြိမ်းခြောက်သော သို့မဟုတ် အခြားဘေး ဖြစ်စေနိုင်သော အကြောင်းအရာများဖြင့် ပြုလုပ်ဆောင်ရွက်ခြင်း ၊
၁၀-၁-၆၊
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဖုန်းနံပါတ်၊ လိပ်စာ သို့မဟုတ် မိသားစုအမည် ဖြင့် တရားမဝင် အသုံးပြုခြင်း ၊
၁၀-၁-၇၊
ပြင်ပဝက်ဘ်ဆိုက်များကို ချိတ်ဆက်သည့် နည်းပညာပိုင်းဆိုင်ရာ URL များ ၊ HTML၊ ပရိုဂရမ်ကုဒ်များကို ဆင့်ပွားအသုံးပြုခြင်း ၊ တရားမဝင်သော နည်းလမ်းဖြင့် အသုံးပြုခြင်း၊
၁၀-၁-၈၊
Padesar Marketplace Platform၏ ကိုယ်ပိုင်သုံးသပ်ချက် အရ "မလိုလားအပ်သည်များ" ဟု ယူဆနိုင်သည့်အရာများ၊
၁၀-၁-၉၊
ဤတားမြစ်ချက်များကို တခြားသူတစ်ဦးအား ချိုးဖောက်စေရန် တိုက်တွန်း အားပေးမှု ပြုလုပ်ခြင်း။
၁၀-၂၊
Padesar Marketplace Platform အနေဖြင့် အောက်ပါလုပ်ဆောင်ချက် များကို အပြည့်အဝ ပြုလုပ်ပိုင်ခွင့် ရှိသော်လည်း မဖြစ်မနေ လုပ်ဆောင်ရန် တာဝန် မရှိပါ။
၁၀-၂-၁၊
ဝန်ဆောင်မှု ပလက်ဖောင်းများတွင် တင်ထားသည့် အကြောင်းအရာ တစ်ခုခုသည် ဤစည်းမျဉ်းများနှင့် မညီကြောင်း စွပ်စွဲလာမှုကို စုံစမ်းစစ်ဆေးခြင်းနှင့် ယင်းအကြောင်းအရာကို ဖယ်ရှားခြင်း သို့မဟုတ် ဖယ်ရှားပေးရန် တောင်းဆိုခြင်းကို ပြုရန် ကိုယ်ပိုင်သုံးသပ်ချက်ဖြင့် ဆုံးဖြတ်ခြင်း။
Padesar Marketplace Platform တွင် အသုံးပြုထားသည့် အကြောင်းအရာအား ဖယ်ရှားပေးရန် တောင်းဆိုခြင်းကို ပြုလုပ်လာပါက Padesar Marketplace Platform ၏ ကိုယ်ပိုင်သုံးသပ်ချက်ဖြင့် ဆုံးဖြတ်အတည်ပြုသွားမည် ဖြစ်သည်။
၁၀-၂-၂၊
စော်ကားသော၊ တရားမဝင်သော သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်လိုသော အကြောင်းအရာများ သို့မဟုတ် ဤစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်သော အကြောင်းအရာများကို ဖယ်ရှားခြင်း၊
၁၀-၂-၃၊
Padesar Marketplace Platform တွင် တားမြစ်ထားသည်များအား ချိုးဖောက်၍ အကြောင်းမဲ့ ရေးသားပြောဆို ဝေဖန်တိုက်ခိုက်ခြင်းအား ဖယ်ရှားမှု ပြုလုပ်ခြင်း။
အသုံးပြုသူသည် ဤအပိုဒ်တွင် ဖော်ပြထားသည့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၎င်း၏ Padesar အကောင့်ကို ဆိုင်းငံ့ခြင်း ပယ်ဖျက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခြင်း ခံရမည်
၁၀-၂-၄၊
ဝန်ဆောင်မှုပလက်ဖောင်းပေါ်ရှိ မည်သည့် အကြောင်းအရာကို မဆို စောင့်ကြည့်၊ တည်းဖြတ် သို့မဟုတ် ထုတ်ဖော်ပြခြင်း နှင့် ကူးယူသုံးစွဲခြင်း။ ဤ Padesar Marketplace Platformတွင် ပြုလုပ်ဆောင်ရွက်ထားသည့် အချက်အလက်များ ၊ တီထွင်ဖန်တီးမှုများ နှင့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ထပ်တူကျစွာ ကူးယူသုံးစွဲခြင်း၊ ဆင့်ပွားအသုံးပြုခြင်း။
၁၀-၂-၅၊
ဤစံနှုန်းများ သတ်မှတ်ချက်များကို ချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည် ဖြစ်စေ ဝန်ဆောင်မှု ပလက်ဖောင်းများပေါ်တွင်တင်ထားသည့် မည်သည့်အကြောင်းအရာ ကိုမဆို တည်းဖြတ်ခြင်း သို့မဟုတ် ပယ်ဖျက်ပစ်ခြင်း၊
Padesar Marketplace Platform၏ သတ်မှတ်ထားသည့် တားမြစ်ချက်များကို တရားဝင်ခွင့်ပြုချက်များမရှိဘဲ ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက် ထားသည့် အကြောင်းအရာများကို ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း။

Enter Delivery Location

One stop platform for your gas needs.

  • [email protected]
© 2025 Padesar. All rights reserved.

အကြောင်း အရာ

  • ကျွန်ုပ်တို့အကြောင်း
  • ဆက်သွယ်ရန်

အကူအညီနှင့် လမ်းညွှန်

  • စည်းကမ်းသတ်မှတ်ချက်များ
  • အချက်အလက်လုံခြုံမှုမူဝါဒများ
  • ပို့ဆောင်မှုအချက်အလက်

စျေးဝယ်သူများအားဝန်ဆောင်မှုပေးရန်

  • အမေးအဖြေများ
  • အသုံးပြုသူလမ်းညွှန်

App ရယူရန်

ငွေပေးချေမှုစနစ်

0
0